ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ မြစံပယ်လမ်းတွင် မေလ ၁၆ ရက် ယနေ့ မွန်းတည့် ၁၂ နာရီ ၁၈ မိနစ်အချိန်ခန့်က မိုးရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်၍ လိုအပ်သည့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာတွင် မိုးရွာသွန်းပြီး သစ်ပင်လဲကျ၍ မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းလျက်ရှိ
May 16 • 6:39 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 27 | 0 | 0 | 0 |


