back

စင်ကာပူမှာ အလှအပပိုင်းဆိုင်ရာကုသမှုခံယူတဲ့လူနာတစ်ဦး သေဆုံး၊ ဆရာဝန်ဖြစ်သူ ထောင်ဒဏ်ချမှတ်ခံရ

May 15 • 4:44 PM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူမှာ အလှအပပိုင်းဆိုင်ရာကုသမှုခံယူတဲ့လူနာတစ်ဦး သေဆုံး၊ ဆရာဝန်ဖြစ်သူ ထောင်ဒဏ်ချမှတ်ခံရ

စင်ကာပူနိုင်ငံရှိ အလှအပရေးရာဆေးခန်းတစ်ခုမှာ လူနာအမျိုးသမီးတစ်ဦးကို သေစေနိုင်တဲ့ ဓာတုဆေးဝါး တစ်မျိုးကို ပေါ့လျော့စွာ ထိုးပေးခဲ့တဲ့အပြင် ဖြစ်စဉ်မှန်ကို ဖုံးကွယ်ဖိ...

စင်ကာပူနိုင်ငံရှိ အလှအပရေးရာဆေးခန်းတစ်ခုမှာ လူနာအမျိုးသမီးတစ်ဦးကို သေစေနိုင်တဲ့ ဓာတုဆေးဝါး တစ်မျိုးကို ပေါ့လျော့စွာ ထိုးပေးခဲ့တဲ့အပြင် ဖြစ်စဉ်မှန်ကို ဖုံးကွယ်ဖို့ကြိုးပမ်းခဲ့တဲ့ ဆရာဝန်တစ်ဦးကို တရားရုံးက မေလ (၁၄) ရက်မှာ ထောင်ဒဏ် (၁၈) လ အမိန့်ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရသူဟာ အသက် (၃၈) နှစ်အရွယ် ဒေါက်တာ ချန်ဘင်ဂျီ ဆိုသူဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်လ အတွင်းက သူ့ရဲ့ Revival Medical & Aesthetics Centre ကို အလှအပကုသမှု ခံယူဖို့ ရောက်ရှိလာတဲ့ အသက် (၃၁) နှစ်အရွယ် မစ္စလု ဆိုသူကို သေဆုံးစေခဲ့မှုနဲ့စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ ဒေါက်တာချန် ဟာ လူနာရဲ့ နဖူးပေါ်ရှိ အရေးအကြောင်းတွေကို ကုသဖို့အတွက် EDTA (Ethylene Diamine Tetra-Acetic Acid) လို့ အမည်ရှိ တဲ့ပြင်းအားမြင့် ဓာတုဆေးဝါးကို သွေးကြောထဲ ထိုးသွင်းပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို လုပ်ဆောင်ပြီးနောက် လူနာဟာ တက်ခြင်း၊ နှလုံးရပ်ခြင်းတို့ ဖြစ်ပွားကာ သေဆုံးခဲ့ပါတယ်။ လက်ရှိ ဒေါက်တာ ချန်ဟာ အမှုကို အယူခံဝင်ဖို့ ပြင်ဆင်နေပြီး၊ ၎င်းကို ဆရာဝန်အဖြစ်မှ ထုတ်ပယ်ခြင်း ရှိ၊ မရှိကိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။



news-view-count-icon

3