back

တီးတိန် Cherry Hotel ပိုင်ရှင်ရဲ့ အလောင်းမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရှိ

May 15 • 12:35 PM

breaking-news

မြန်မာ

ချင်း

cover

တီးတိန် Cherry Hotel ပိုင်ရှင်ရဲ့ အလောင်းမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ  ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း သေဆုံးသွားခဲ့တဲ့ Cherry Hotel ပိုင်ရှင် ဦးထန်ခန့်ဒါလ်းရဲ့ ရုပ်အလောင်းမှာ ထိခိုက်ဒဏ်ရာတွေ တွေ့ရှိခဲ့...

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ 

 ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း သေဆုံးသွားခဲ့တဲ့ Cherry Hotel ပိုင်ရှင် ဦးထန်ခန့်ဒါလ်းရဲ့ ရုပ်အလောင်းမှာ ထိခိုက်ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဦးထန်ခန့်ဒါးလ်ဟာ သူ့မှာရှိတဲ့ ဆီးချို၊ သွေးချိုနဲ့ သွေးတိုးရောဂါတွေကြောင့် ဦးနှောက်သွေးကြောပေါက်ပြီး မေလ ၁၃ ရက်နေ့မှာ သေဆုံးသွားတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီသေဆုံးမှုနဲ့ ပတ်သက်လို့ မိသားစုဝင်တွေနဲ့ အဖွဲ့အစည်းကြား ပြောဆိုချက်တွေ ကွဲလွဲနေတာကြောင့်ဦးထန်ခန့်ဒါးလ်ရဲ့ သေဆုံးမှုအကြောင်းအရင်းဟာ အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ ရုပ်အလောင်းကို မိသားစုဝင်တွေက စစ်ဆေးကြည့်တဲ့အခါမှာ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာဒဏ်ချက်တွေ အပြည့်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။





news-view-count-icon

29