ရှမ်းမြောက် မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး တက်လာတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ မိသားစုဝင်တွေက အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ လိုက်ပါကူညီပေးတဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်အသက် ၁၇ နှစ်အရွယ် မခင်သီတာဆန်းဆိုသူဟာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ရာကနေ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံမှာ လစာကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုပြီး ဒီမေလ ဒုတိယအပတ်ထဲမှာ မူဆယ်မြို့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။မခင်သီတာဆန်းဟာ ဧရာဝတီတိုင်း လပတ္တာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ၎င်းကို တွေ့ရှိတဲ့သူတွေအနေနဲ့ မိသားစုရဲ့ ဖုန်းနံပါတ် (09-424070251) ကို ဆက်သွယ်ပေးဖို့ တောင်းဆိုထားပါတယ်။မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် အလွယ်မယုံကြဖို့ လူမှုကူညီရေးအသင်းတွေက တိုက်တွန်းသတိပေးထားကြပါတယ်။
May 15 • 6:51 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 30 | 0 | 0 | 0 |


