ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ တောင်ပြိုကျေးရွာ (ကောင်ပြိုင်ကျေးရွာ) တွင် မေလ ၁၃ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူနေအိမ်များ ထိခိုက်မှုမရှိသော်လည်း တောင်ကြီးသို့သွားရာ လမ်းပိုင်းအချို့ ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မိုးရာသီစတင်ဝင်ရောက်လာပြီဖြစ်သဖြင့် မြေသားများပျော့ကာ ထပ်မံပြိုကျနိုင်သည့်အန္တရာယ်ရှိသောကြောင့် တောင်စောင်းအနီးနေထိုင်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် အထူးသတိပြုကြရန် ဒေသခံများက တိုက်တွန်းနှိုးဆော်ထားပါသည်။
May 15 • 4:54 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 29 | 0 | 0 | 0 |


