ကျန်းမာရေးဝန်ကြီးဌာန၏ အစိုးရသစ် ရက်(၁၀၀)စီမံချက်တစ်ရပ်အဖြစ် မြန်မာ-တရုတ်ပူးပေါင်းဆောင်ရွက်သည့် “မြန်မာနိုင်ငံ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်” ကို မေ ၁၄ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။“နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ် စီမံချက်ကို ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်” ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက စီမံချက်စတင်ကြောင်း အသိပေးအခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာ-တရုတ်ပူးပေါင်း “နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်” စီမံချက် စတင်၊ တစ်နှစ်အတွင်း လူဦးရေ ၁ သိန်းကို စစ်ဆေးပေးမည်
May 15 • 3:44 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 0 | 0 | 0 | 0 |


