ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၈) ရပ်ကွက်၊ (၃၉) လမ်း (အလယ်ဘလောက်) ရှိ အမှတ် (၂၁၇) သုံးထပ်တိုက်၏ ပထမထပ်တွင် ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က မီးဖိုခန်းအပေါ်ထပ်စလပ် ပြိုကျမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသမီးတစ်ဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကျောက်တံတားအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တံတားမြို့နယ်တွင် အဆောက်အအုံစလပ်ပြိုကျမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ
May 15 • 3:38 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 40 | 0 | 0 | 0 |


