back

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG ကကူညီပေးနေ

May 15 • 3:29 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG ကကူညီပေးနေ

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်...

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရသည်။အဆိုပါ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်အား စက်ရုံပိုင်ရှင်က ယမန်နေ့ မေ ၁၃ ရက်ညနေ ၅ နာရီတွင် ၎င်းတို့၏ လုပ်ခလစာများကိုရှင်းပေးမည်ဟု ယင်းနေ့နံနက်ပိုင်းက ဆက်သွယ်ပြောကြားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။ထို့ကြောင့် စက်ရုံ၌အလုပ်လုပ်ကိုင်နေသည်မှာ (၁)နှစ်မှ (၅)နှစ်ခန့်အထိရှိကြပြီဖြစ်သော မြန်မာအလုပ်သမား (၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရသဖြင့် ကူ ညီပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။ထိုသို့ အကူအညီတောင်းခံမှုကြောင့် လုပ်ခလစာရှင်းမပေးခြင်း၊ အလုပ်သမားအခွင့်အ‌ရေးချိုးဖောက်ခြင်းတို့ကြောင့် အလုပ်သမားအခွင့်အရေးနှင့် လုပ်ခလစာများပြန်လည်ရရှိရန်အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကလိုအပ်သည့်ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

17