back

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊နတ်ချောင်ရွာဟောင်း သောက်ရေကန်ပျက်စီးကာ ရေညှိရောင်ပြောင်းသွားလို့ ဒေသခံများ သောက်သုံး‌ရေ အခက်အခဲဖြစ်နေ

May 15 • 3:24 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊နတ်ချောင်ရွာဟောင်း သောက်ရေကန်ပျက်စီးကာ ရေညှိရောင်ပြောင်းသွားလို့ ဒေသခံများ သောက်သုံး‌ရေ အခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ နတ်ချောင်ရွာဟောင်း သောက်ရေကန်မှာ ရေညှိများတက်တွေပြီး ရေမှာလည်း မကြုံစဖူး အရောင်ပြောင်းလဲမှုဖြစ်ကာ ရေကန်ပျက်စီးမှု ဖြစ်ပေါ် နေတဲ့...

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ နတ်ချောင်ရွာဟောင်း သောက်ရေကန်မှာ ရေညှိများတက်တွေပြီး ရေမှာလည်း မကြုံစဖူး အရောင်ပြောင်းလဲမှုဖြစ်ကာ ရေကန်ပျက်စီးမှု ဖြစ်ပေါ် နေတဲ့ အတွက် အာရက္ခပြည်သူ့ ကျန်းမာရေး ဌာနအနေနဲ့ အမြန်စစ်ဆေးပေးဖို့ လိုအပ်နေတယ်လို့ ကျေးရွာသားတွေက သတင်းပေးပို့လာပါတယ်။“ ဒီရွာမှာ ဒီသောက်ရေကန် တစ်ခုဘဲရှိပါတယ်။ အခုရေကန်က ရေညှိရောင် ပြောင်းပြီး သောက်သုံးလို့ မရဖြစ်နေပါတယ်။ ဒါကြောင့် ဒီကန်က ရေကို အသုံးပြုသင့်/ မပြုသင့် ကျန်းမာရေးဌာနက စစ်ဆေးပေးဖို့လိုအပ်နေပါတယ်”လို့ နတ်ချောင်းဒေသခံ ကိုသိန်းခင်ထွန်းက ပြောဆိုပါတယ်။အခုလို ကျန်းမာရေးမညီညွှတ်တာကြောင့် ကျေးရွာသားတွေအနေနဲ့ ရေတွေကို ဆက်သုံးဖို့ ခက်ခဲနေတဲ့အတွက် တစ်ခြားရွာက ရေကန်တွေမှာ ရေသွားခပ်နေရတယ်လို့ ဆိုပါတယ်။ခုလို နွေရာသီ ရေရှားပါးချိန်မှာ တစ်ခြားရွာက ရေကန်တွေမှာ ရေခမ်းခြောက်လာတဲ့အတွက် ရေရှိရေး အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

news-view-count-icon

77