back

ပြည်တွင်း‌၌ ယခုမေလအတွင်း ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအချို့ ဈေးကျသွားပြီဖြစ်

May 15 • 2:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း‌၌ ယခုမေလအတွင်း ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအချို့ ဈေးကျသွားပြီဖြစ်

အခုမေလအတွင်း ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတချို့ရဲ့ ဈေးနှုန်းတွေဟာ အနည်း ငယ်စီ ပြန်လည်ကျဆင်းလာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်း ...

အခုမေလအတွင်း ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတချို့ရဲ့ ဈေးနှုန်းတွေဟာ အနည်း ငယ်စီ ပြန်လည်ကျဆင်းလာတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်း ဈေးကွက်က သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲက အတက်ဈေးမှာ ရှိတဲ့ခဲ့ သံချောင်း၊ ဘိလပ်မြေ၊ သဲ၊ ကျောက်၊ သွပ် စတဲ့ ဆောက်လုပ်ရေး လုပ်ငန်း သုံးပစ္စည်းဈေးနှုန်းတွေဟာ အနည်းငယ် ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။ဧပြီလ ဒုတိယပတ်အတွင်းက တံဆိပ်အမျိုးအစားအလိုက် ဘိလပ်မြေတစ်အိတ်ကို အများဆုံး ကျပ် ၂၈,၀၀၀ ဝန်း ကျင်ကနေ အနည်းဆုံး ၂၇,၀၀၀ ဝန်းကျင်ရှိခဲ့ရာကနေ တစ်ဖြည်းဖြည်း ကျဆင်းလာပြီး အခုမေလထဲမှာ တစ်အိတ် ကို အများဆုံး ၂၃,၅၀၀ ကျပ်ဝန်းကျင်ကနေ အနည်းဆုံး ၂၂,၅၀၀ ဝန်းကျင် ဈေးတန်းကို ရောက်ရှိလာတာပါ။ အလားတူ သံချောင်းဈေးဆိုရင်လည်း ပြည်တွင်း HRB 400 Local ၊ HRB 400 Local Export Quality ၊ HRB 400 Original သံချောင်းအမျိုးအစားတွေကလည်း အရွယ်အစားအလိုက် ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာတယ်လို့ သံချောင်းဈေးကွက်ကနေ သိရပါတယ်။

news-view-count-icon

25