back

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌ ပတ်စ်ပို့ သက်တမ်းတိုးသူများကို ပိုမိုတင်းကျပ်စစ်ဆေး

May 15 • 1:35 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌ ပတ်စ်ပို့ သက်တမ်းတိုးသူများကို ပိုမိုတင်းကျပ်စစ်ဆေး

ထိုင်းမှာ ဗီဇာအမျိုးမျိုးနဲ့ နေထိုင်ကြတဲ့ မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါ မြန်မာသံရုံးက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြ...

ထိုင်းမှာ ဗီဇာအမျိုးမျိုးနဲ့ နေထိုင်ကြတဲ့ မြန်မာတွေ ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါ မြန်မာသံရုံးက တင်းတင်းကျပ်ကျပ် စစ်ဆေးနေပါတယ်။လက်ရှိ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ သန်းနဲ့ချီတဲ့ မြန်မာလုပ်သားတွေဟာ ပတ်စ်ပို့ သက်တမ်းတိုးတဲ့အခါ ဘန်ကောက် မြန်မာသံရုံးနဲ့ နီးစပ်ရာ ကောင်စစ်ဝန်ရုံးတွေမှာ ပတ်စ်ပို့သက်တမ်း ၅ နှစ်တကြိမ် တိုးရပြီး ၂၀၂၆ မတ်လမှာ ပြဋ္ဌာန်းခဲ့တဲ့ ပတ်စ်ပို့ ဥပဒေသစ် ထွက်ပေါ်လာပြီးနောက် သက်တမ်းတိုးကိစ္စတွေ ပိုပြီး တင်းကျပ်လာပါတယ်။ဒါ့အပြင် ဘန်ကောက် မြန်မာသံရုံးမှာ ၂၀၂၆ ခုနှစ် မေလအတွင်း သံအရာရှိ အပြောင်းအလဲ ဖြစ်ပြီးနောက် ချင်းမိုင်၊ ချင်းရိုင် စတဲ့ ထိုင်းမြောက်ပိုင်းဒေသက မြန်မာလုပ်သားတွေကို ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့ သက်တမ်းမတိုးပေးတော့ဘဲ သက်ဆိုင်ရာနယ်မြေ ကောင်စစ်ဝန်ရုံးတွေမှာသာ ဆက်သွယ်လုပ်ဆောင်ဖို့ ပြောဆိုလာတယ်လို့ သိရပါတယ်။ဒီလိုကန့်သတ်မှုတွေကြောင့် မြန်မာလုပ်သားအများစုဟာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ပွဲစားတွေကို အားကိုးလာရပြီး ပတ်စ်ပို့ သက်တမ်းတိုးခတွေဟာ အနည်းဆုံး ဘတ် ၇,၅၀၀ ကနေ ဘတ် ၁၅,၀၀၀၊ တချို့ကိစ္စတွေမှာ ဘတ် ၂၀,၀၀၀ အထိ ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

news-view-count-icon

26