ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ဆောင်မှုများအတွက် ဝန်ထမ်းများအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပိုထပ်ဆောင်း အခကြေးငွေ/ပစ္စည်းများ ပေးအပ်ခြင်းမပြုပါရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport - YIA)မှ မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ တာဝန်အတိုင်း ဝန်ဆောင်မှုပေးလျက်ရှိရာ အပိုထပ်ဆောင်း အခကြေးငွေ/ပစ္စည်းများ တောင်းခံခြင်းအား ခွင့်မပြုထားသလို ခရီးသည်များ၏ မှတ်ချက်များနှင့် အကြံပြုချက်များကို လေဆိပ်သို့ ပေးပို့နိုင်တယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လေဆိပ်ဝန်ထမ်းများအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အပိုထပ်ဆောင်း အခကြေးငွေ/ပစ္စည်းများ ပေးအပ်ခြင်းမပြုရန် ရန်ကုန်လေဆိပ်ထုတ်ပြန်
May 15 • 1:31 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 24 | 0 | 0 | 0 |


