back

တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲက မီဒီယာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရလဒ်သဘောတူညီချက် ထုတ်ပြန်

May 15 • 1:23 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲက မီဒီယာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရလဒ်သဘောတူညီချက် ထုတ်ပြန်

ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ်အောက်ရှိ အဓိကအစည်းအဝေးဖြစ်သော တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲကို မေ ၁၃ ရက်တွင် ကိုင်ရိုမြို့တွင် ကျင်းပပြ...

ကမ္ဘာ့တောင်ဘက်ခြမ်းမီဒီယာနှင့် Think Tank ဖိုရမ်အောက်ရှိ အဓိကအစည်းအဝေးဖြစ်သော တရုတ်-အာရပ် မိတ်ဖက်ဆက်ဆံရေးဆွေးနွေးပွဲကို မေ ၁၃ ရက်တွင် ကိုင်ရိုမြို့တွင် ကျင်းပပြီးစီးခဲ့ပြီး တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများအကြား မီဒီယာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရည်ရွယ်ထားသည့် ရလဒ်သဘောတူစာချုပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်အရ ဘက်အသီးသီးက တရုတ်နှင့် အာရပ် မီဒီယာအဖွဲ့အစည်းများနှင့် Think Tank အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရာတွင် မီဒီယာအခန်းကဏ္ဍကို မြှင့်တင်ရန်၊ နယ်ပယ်စုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ယင်းသဘောတူညီချက်က မျှဝေမှုရှိသော မီဒီယာပုံရိပ်ဖော်ညွှန်းမှု ထူထောင်ရေး၊ မီဒီယာနည်းပညာနှင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက်လည်း တိုက်တွန်းထားသလို အကျိုးပြု ပူးပေါင်းဆောင်ရွက်မှု အစီအမံများစွာကိုလည်း ရှေ့ဆက်ဆောင်ရွက်သွားမည်ဟုလည်း သဘောတူညီချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

news-view-count-icon

13