၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ပြည်ပသို့ တစ်နိုင်ငံလုံးရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့်ရရှိခဲ့ကြောင်း သိရသည်။ပြည်ပသို့ ရေငန်ထွက်ကုန် ငါး၊ ပုစွန်တင်ပို့ရာ၌ တနင်္သာရီတိုင်းဒေသကြီးသည် အခြားဒေသတို့ထက် နှစ်စဉ်တိုးမြှင့်တင်ပို့လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ တစ်နိုင်ငံလုံးရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့်ရရှိခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး မှ ၃၀၃ ဒသမ ၆၂ သန်း ကုန်ကြမ်းအဖြစ် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်တို့မှ ပြည်ပသို့ ရေငန်ထွက်ကုန်များကို အေးခဲ၍ နှစ်စဉ်တင်ပို့လျက်ရှိရာ တိုက်ရိုက်အရှင်တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေပိုမိုရရှိလာမည်ဖြစ်သည့်အပြင် ရေထွက်ကုန်အရှင်တင်ပို့သော ဈေးကွက်သစ်တစ်ခုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ပြည်ပသို့ တစ်နိုင်ငံလုံးရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့်ရရှိ
May 14 • 6:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


