back

တပ်ကုန်းတွင် ဆိုင်ကယ်လဲကျသွားချိန် တွဲကားတက်ကြိတ်သဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံး

May 13 • 4:46 PM

breaking-news

မြန်မာ

နေပြည်တော်

cover

တပ်ကုန်းတွင် ဆိုင်ကယ်လဲကျသွားချိန် တွဲကားတက်ကြိတ်သဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံး

နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ မောင်းလာတဲ့ဆိုင်ကယ် လဲကျသွားတာကို တွဲကားတစီးက တက်ကြိတ်လို့ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား သေဆုံးသွ...

နေပြည်တော် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ မောင်းလာတဲ့ဆိုင်ကယ် လဲကျသွားတာကို တွဲကားတစီးက တက်ကြိတ်လို့ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား သေဆုံးသွားပါတယ်။မေ ၁၃ ရက် မနက် ၁၁ နာရီလောက်က တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၂၄၉ မိုင် ၆ ဖာလုံနဲ့ ၇ ဖာလုံကြားမှာ ပျဉ်းမနားဘက်ကနေ တပ်ကုန်းမြို့ဘက်ကို အမျိုးသား တယောက်တည်း မောင်းလာတဲ့ ဆိုင်ကယ် ရုတ်တရက် တိမ်းစောင်းသွားချိန် အနောက်ကနေ ပါလာတဲ့ တွဲကားက တက်ကြိတ်တာကြောင့် ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသား သေဆုံးသွားတာ လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေးသူက ပြောပါတယ်။တွဲကား တက်ကြိတ်မိတာကြောင့် ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတာလို့ ဆိုပါတယ်။



news-view-count-icon

32