back

PTTEP Myanmar Asset ၏ HVD ပညာသင်ဆု အစီအစဉ်မှတစ်ဆင့် မြန်မာလူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ

May 13 • 7:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

PTTEP Myanmar Asset ၏ HVD ပညာသင်ဆု အစီအစဉ်မှတစ်ဆင့် မြန်မာလူငယ်များအတွက် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိ

PTTEP Myanmar Asset သည် ၂၀၂၆ ခုနှစ်အတွင်း HVD ပညာသင်ဆု အစီအစဉ်၏ (၁၂) ကြိမ်မြောက် ပညာသင်ဆုချီးမြှင့်ပွဲနှင့် (၁၀) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများကို မတ်လ...

PTTEP Myanmar Asset သည် ၂၀၂၆ ခုနှစ်အတွင်း HVD ပညာသင်ဆု အစီအစဉ်၏ (၁၂) ကြိမ်မြောက် ပညာသင်ဆုချီးမြှင့်ပွဲနှင့် (၁၀) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားများကို မတ်လနှင့် ဧပြီလတို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည့်အပြင်၊ ဘန်ကောက်မြို့၌ ပြုလုပ်သည့် Global CSR & ESG Awards 2026 တွင်လည်း ပညာရေးကဏ္ဍဆိုင်ရာ Platinum Award ကို ဆွတ်ခူးရရှိခဲ့ပါသည်။ အဆိုပါ အစီအစဉ်သည် မြန်မာလူငယ်များအား ထိုင်းနိုင်ငံတွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူနိုင်ရန် ပံ့ပိုးပေးခြင်းဖြင့် အနာဂတ်အတွက် အရည်အသွေးမြင့် လုပ်သားစွမ်းအားစုများ ပေါ်ထွက်လာစေရန် အစဉ်တစိုက် အားပေးကူညီလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

48