ထိုင်းနိုင်ငံရှိ လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်တစ်ခု တွေ့ရှိရသည်မှာ မှန်ကန်ကြောင်း ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းဝန်ကြီးဌာန (DES) က အတည်ပြုလိုက်ပြီး အဆိုပါဗိုင်းရပ်စ်သည် COVID-19 နှင့်နှိုင်းယှဉ်လျှင် ကူးစက်နိုင်စွမ်းနှင့် ရောဂါဖြစ်ပွားစေနိုင်စွမ်း သိသိသာသာလျော့နည်းကြောင်း သိရှိရပါသည်။ လက်ရှိအချိန်အထိ လူသားများထံ ကူးစက်မှုမရှိသေးသည့်အပြင် ကပ်ရောဂါအသွင်ပြန့်ပွားနိုင်ခြေ အလွန်နည်းပါးသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်ခြင်းမရှိဘဲ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်စစ်ဆေးကြရန် တိုက်တွန်းထားပါသည်။
May 13 • 6:15 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


