မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးမြင့် စိန်တလုံးသရက်သီးများသည် ယခုနှစ် သရက်သီးရာသီအတွင်း တရုတ်ဈေးကွက်၌ ဝယ်လိုအားကောင်းမွန်နေပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်များမှ တင်ပို့မှုလည်း ပိုမိုမြန်ဆန်လာကြောင်း သိရသည်။ နှစ်စဉ် ဧပြီလမှ ဇူလိုင်လအထိမှာ စိန်တလုံးသရက်သီး အထွက်နှုန်းအကောင်းဆုံး ကာလဖြစ်ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ ပိုမိုလျင်မြန်လာခြင်းနှင့် တင်ပို့မှုပမာဏ တိုးတက်လာခြင်းတို့ကို တွေ့မြင်ရကြောင်း သက်ဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းရှင်များက ပြောသည်။ မကြာသေးမီရက်များအတွင်း မြန်မာနိုင်ငံမှ တင်ပို့လာသော စိန်တလုံးသရက်သီး တန်ချိန် ၁၄ တန်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် လျင်ချန်းမြို့ရှိ မိန်းတိန်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ အောင်မြင်စွာ အကောက်ခွန်ရှင်းလင်းပြီး တရုတ်ပြည်တွင်းသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။ 
May 13 • 5:19 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 57 | 0 | 0 | 0 |


