မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကမာကေးကျေးရွာရှိ ချောင်းပြန်လည်တူးဖော်ချဲ့ထွင်ရေးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မွန်ညီညွတ်ရေးပါတီ (MUP) မှ ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ချောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ နုန်းမြေများ ဖယ်ရှားရေးနှင့် လက်ရှိလုပ်ငန်းခွင် အခြေအနေများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
May 12 • 8:52 AM
မြန်မာ
မွန်
မျှဝေမည်
| 20 | 0 | 0 | 0 |


