တောင်ကိုရီးယား၊ဆိုးလ်မြို့တော်အစိုးရသည် နိုင်ငံတကာကျောင်းသားသစ်များ ပိုမိုရရှိစေရန် ရည်ရွယ်၍ ၎င်းတို့၏ နှစ်ပတ်လည် ပညာရေးပြပွဲကြီးကို ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့တွင် ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတွင် ဆိုးလ်အခြေစိုက် တက္ကသိုလ် ၁၄ ခုမှ တာဝန်ရှိသူများ ပါဝင်ကာ ကျောင်းဝင်ခွင့် လမ်းညွှန်ချက်များ၊ ပညာသင်ဆု အခွင့်အလမ်းများနှင့် ဗီဇာဆိုင်ရာ အုပ်ချုပ်ရေးပိုင်း အကူအညီများကို တိုက်ရိုက်ဆွေးနွေးပေးသွားမည်ဖြစ်ကာ ၂၀၂၆ ခုနှစ်အတွက် QS အကောင်းဆုံးကျောင်းသားမြို့တော် (QS Best Student Cities 2026) အဖြစ် နံပါတ် (၁) နေရာတွင် ရပ်တည်နေသည့် ဆိုးလ်မြို့တွင် ပညာသင်ကြားလိုသူများအတွက် အသုံးဝင်သော အချက်အလက်များကို မျှဝေပေးရန် ရည်ရွယ်ထားသည့်အပြင် ထိုင်ဝမ်မှ ကျောင်းသားဟောင်းများ၏ အောင်မြင်မှု အတွေ့အကြုံများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
တောင်ကိုရီးယား၊ဆိုးလ်မြို့တော်အစိုးရက နိုင်ငံတကာကျောင်းသားများကို ဆွဲဆောင်ရန် "Seoul Study Abroad Fair" ပညာရေးပြပွဲကို တိုင်ပေမြို့တွင် ကျင်းပမည်
May 12 • 6:59 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


