back

အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်များကို တစ်ပတ်အတွင်းအမြန်ဆုံးထုတ်ပေးမည်

May 12 • 6:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အလုပ်သမားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အရ ခွင့်ပြန်အလုပ်သမားများအတွက် OWIC ကတ်များကို တစ်ပတ်အတွင်းအမြန်ဆုံးထုတ်ပေးမည်

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်...

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအတွက် ပြည်ပအ လုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) ထုတ်ပေးခြင်းကို အလုပ်သမားဝန်ကြီးဌာနက အရှိန် အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။လက်ရှိအချိန်၌ အလုပ်သမားဝန်ကြီးဌာန၏ ရက် (၁၀၀)စီမံချက်အဖြစ် မေ ၈ ရက်အထိလက်ခံရရှိထားသော OWIC လျှောက်ထားမှုများအနက် အလုပ်သမား (၆၀၆)ဦးကိုစိစစ်ပြီးဖြစ်၍ မေ ၁၁ ရက်မှ မေ ၂၂ ရက်အတွင်းစတင်ပြုလုပ်ပေးသွားမည်ဖြစ်သည်။ခွင့်ပြန်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အ လမ်းများဆုံးရှုံးမှုမရှိစေရန် အလုပ်သမားဝန်ကြီးဌာနက OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အချက်အလက်မှားယွင်း၍ ကတ်လဲလှယ်ခြင်းတို့ကို အထောက်အထားပြည့်စုံမှန်ကန်ပါက(ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်တစ်ပတ်အတွင်း အပြီးဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

news-view-count-icon

44