ချင်းပြည်နယ် ဖလမ်းမြို့နယ် ပြန်လည်ထူထောင်ရေး ကျရာကဏ္ဍတွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းလာသည့် ဆေးရုံအုပ်ကြီးတစ်ဦး အပါအဝင် လူပုဂ္ဂိုလ်များရှိကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောသည်။ယမန်နေ့က ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းညိနှိုင်းအစည်းဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။“ ပြန်လည်ထူထောင်ရေးနှင့် ကာလရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်လိုသည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို လက်ကမ်းကြိုဆိုကြောင်း” လည်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြောကြားခဲ့ကြောင်း သိရသည်။
ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးတွင် ပူးပေါင်းပါဝင်ရန် ကမ်းလှမ်းထားသည့် ဆေးရုံအုပ်ကြီးတစ်ဦးနှင့် လူပုဂ္ဂိုလ်များရှိ
May 12 • 5:40 AM
မြန်မာ
ကချင်
မျှဝေမည်
| 29 | 0 | 0 | 0 |


