back

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၌ သုံးကြိမ်ရ လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပပြုလုပ်

May 12 • 5:26 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်၌ သုံးကြိမ်ရ လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် သုံးကြိမ်ရ လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုကြိုဆိုပွဲကို မေ ၁၁ ရက...

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် သုံးကြိမ်ရ လူရည်ချွန်ကျောင်းသားအား ဂုဏ်ပြုကြိုဆိုပွဲကို မေ ၁၁ ရက်နေ့က အဆိုပါ ပွင့်ဖြူမြို့အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ မြို့နယ်ပညာရေးမှူးနှင့် ပညာရေဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများက အောင်သပြေပန်းများ ၊ ပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းအိဖြူက လူရည်ချွန်ဆု သုံးကြိမ်ရရှိသည့် မောင်ဇွဲဝေယံလင်း အား ချီးကျူးဂုဏ်ပြုစကား ပြောကြားသည်။ထို့နောက် ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက မြန်မာ…. မြန်မာ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ သုံးကြိမ်ရ လူရည်ချွန်ကျောင်းသား မောင်ဇွဲဝေယံလင်းက လူရည်ချွန် မောင်မယ်များ သွားရောက်ခဲ့သည့် လူရည်ချွန်အတွေ့အကြုံများ ၊ လေ့လာခဲ့ရသော ဒေသန္တရဗဟုသုတများနှင့် ဂုဏ်ပြု ကြိုဆိုပေးမှုအပေါ် ဝမ်းသာပီတိစကား ပြန်လည်ပြောကြားသည်။

news-view-count-icon

24