ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းစီးတီးရှိ သမိုင်းဝင် Tan Dinh ဈေးကြီးအား ပိုမိုတောက်ပြောင်လှပစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန်အတွက် "Tan Dinh Market – Urban Heritage" အမည်ရှိ နံရံဆေးရေးပန်းချီစီမံကိန်းကို ၂၀၂၆ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အောင်မြင်စွာ ဖော်ဆောင်လျက်ရှိကြောင်း သိရပါသည်။ ဈေးရှေ့ရှိ ၄၅ မီတာရှည်သော လိပ်တံခါးများ (Rolling Shutters) ပေါ်တွင် ဈေး၏အတိတ်ကာလ မြင်ကွင်းများ၊ ရိုးရာဝတ်စုံ (Ao Dai) ချုပ်လုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ သမိုင်းမှတ်တိုင်များကို အနုပညာရှင်များက စနစ်တကျ ရေးဆွဲထားခြင်းဖြစ်ပြီး ဤလှုပ်ရှားမှုသည် ဆိုင်ဂုံ-ဂီယာဒင် (Saigon–Gia Dinh) ကို ဟိုချီမင်းစီးတီးဟု အမည်ပြောင်းလဲခဲ့သည့် ၅၀ ပြည့်နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကြောင်း သိရပါသည်။ လက်ရှိတွင် အဆိုပါ ရောင်စုံပန်းချီကားများကြောင့် ဈေးပတ်ဝန်းကျင်သည် ပိုမိုတက်ကြွလန်းဆန်းလာပြီး ဒေသခံများနှင့် ကမ္ဘာလှည့်ခရီးသွားများအတွက် ဓာတ်ပုံရိုက်ကူးရာ နေရာသစ်တစ်ခု ဖြစ်လာသည့်အပြင် အာဏာပိုင်များအနေဖြင့်လည်း ဈေးရှေ့ရှိ လမ်းဘေးဈေးသည်များကို ရှင်းလင်းကာ ပိုမိုသန့်ရှင်းသပ်ရပ်သော မြို့ပြပတ်ဝန်းကျင်ဖြစ်အောင် စီမံဆောင်ရွက်ထားကြောင်း သိရပါသည်။
ဗီယက်နမ်၊ဟိုချီမင်းစီးတီးရှိ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ Tan Dinh ဈေးကြီးအား နံရံဆေးရေးပန်းချီများဖြင့် အသွင်သစ်ဖော်ဆောင်
May 12 • 3:32 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


