ယခုနှစ်နွေရာသီကျောင်းပိတ်ရက်ကာလများတွင်နေပြည်တော်မြို့နယ်ရပ်ကွက်ကျေးရွာများတွင် အ ခြေခံလူတန်းစားများက ပြုလုပ်သည့်ရှင်ပြုအလှူပွဲများမရှိသလောက်ရှားပါးခဲ့ကြောင်း ဒေသခံများပြောကြား ချက်အရသိရသည်။ ပြီးခဲ့သည့်၂၀၂၅ ခုနှစ်မတ်လ၊မန္တလေးငလျင်ပြီးသည့်နောက်ပိုင်းမှစ၍ရှင်ပြုအလှူအတန်းများနည်းပါး သွားခဲ့ပြီး ယခုနှစ်နွေရာသီတွင်ငွေ ကြေးချမ်းသာသူများပြုလုပ်သည့်အလှူများမှလွဲ၍ အခြေခံလူတန်းစား မိသား စုများမှ ပြုလုပ်သည့်အလှူအတန်းနှင့်စုပေါင်းအလှူများပါမရှိသ လောက်ပါးသွားခဲ့ကြောင်းလည်းပြောသည်။ငလျင်ပြီးနောက်ပိုင်းကာလများတွင်အလုပ်အကိုင်ရှားပါးမှု၊ဝင်ငွေထွက်ငွေမလောက်ငမှု၊ကုန်ဈေး နှုန်းများမြင့်မားမှုများကြောင့်အခြေခံလူတန်းစားများနှင့်အောက်ခြေဝန်ထမ်းများမှာစာဝတ်နေရေးအဆင်မပြေကြပ်တည်းမှုများကြောင့်မိသားစုစားဝတ်နေရေးပင်အနိုင်နိုင်ဖြစ်လာသည့်အတွက်အလှူအတန်းဖက်တွင်အားနည်းသွားရကြောင်းဆိုသည်။
May 12 • 2:34 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 23 | 0 | 0 | 0 |


