အင်ဒိုနီးရှားနိုင်ငံ Halmahera ကျွန်းပေါ်ရှိ Dukono မီးတောင်ပေါက်ကွဲမှုကြောင့် ရက်အတော်ကြာ ပျောက်ဆုံးနေသည့် စင်ကာပူနိုင်ငံသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးသမားများက မီးတောင်ဝအနီးတစ်ဝိုက်တွင် အလောင်းများကို တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း အေဂျင်စီအကြီးအကဲ Iwan Ramdani က Reuters သို့ ပြောကြားခဲ့သည်။
“မီးတောင်ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး ရာသီဥတုဆိုးရွားမှုကြောင့် အလောင်းများကို ရွှေ့ပြောင်းရန် ခက်ခဲနေဆဲဖြစ်သည်” ဟု Iwan က ပြောကြားခဲ့သည်။



