ရှမ်းပြည်နယ်၊တအာင်းဒေသ မန်တုံမြို့ပေါ်မှာလည်း ဆိုင်ကယ် ခိုးမှုတွေ ထပ်မံ ဖြစ်ပွားနေတာကြောင့် သူခိုးတွေကို ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။မန်တုံမြို့ပေါ်မှာ အရင်က ဆိုင်ကယ် ပျောက်ဆုံးမှု မရှိသလောက် နည်းပါးခဲ့ပေမဲ့ ၂၀၂၆ ခုနှစ် ဧပြီလကစပြီး ဘုန်းကြီးကျောင်းဝန်းအတွင်းနဲ့ အိမ်ရှေ့ ရပ်ထားရာကနေ ခိုးခံနေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။"အရင်တုန်းက မန်တုံမြို့မှာ ဆိုင်ကယ်ပျောက်တာတွေ တစ်ခါမှ မရှိဖူးဘူး။ ဒီ ၂၀၂၆ မှပဲ ဆိုင်ကယ်တွေ ခဏခဏ ပျောက်လာတယ်။ ၄ လပိုင်း လဆန်းပိုင်းနဲ့ လကုန်ပိုင်းတုန်းကဆိုရင် ၅ စီးလောက် ပျောက်သွားတယ်။ တစ်ပြိုင်နက်တည်း ၂ စီး ခိုးခံရတာတွေလည်းရှိတယ်။ အခြေအနေ တော်တော်ဆိုးလာတယ်"။ဒါ့အပြင် မန်တုံမြို့ ကညနရုံးဝင်းထဲအထိ ဆိုင် ကယ် ဝင်ရောက်ခိုးခံရတဲ့ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
| 29 | 0 | 0 | 0 |


