back

စစ်ကိုင်းတိုင်းပုလဲနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲ လူ ရာနဲ့ချီ ငှက်ဖျားဒဏ် ခံနေရကာ အရေးပေါ် ဆေးဝါးနဲ့ရိက္ခာ လိုအပ်နေ

May 11 • 4:44 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းပုလဲနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲ လူ ရာနဲ့ချီ ငှက်ဖျားဒဏ် ခံနေရကာ အရေးပေါ် ဆေးဝါးနဲ့ရိက္ခာ လိုအပ်နေ

စစ်ကိုင်းတိုင်း ပုလဲနဲ့ မကွေးတိုင်းဂန့်ဂေါမြို့နယ်ထဲက ရာနဲ့ချီတဲ့ ပြည်သူတွေဟာ ငှက်ဖျားရောဂါဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ဒေသခံ ကူညီပေးနေသူတွေက ပြောပါတ...

စစ်ကိုင်းတိုင်း ပုလဲနဲ့ မကွေးတိုင်းဂန့်ဂေါမြို့နယ်ထဲက ရာနဲ့ချီတဲ့ ပြည်သူတွေဟာ ငှက်ဖျားရောဂါဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ဒေသခံ ကူညီပေးနေသူတွေက ပြောပါတယ်။ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်အပါအဝင် ဒေသခံတွေဟာ သောက်သုံးရေ မသန့်ရှင်းမှု၊ ဆေးဝါး မလုံလောက်မှုနဲ့ အစာအာဟာရ ချို့တဲ့မှုကြောင့် ငှက်ဖျားရောဂါ ကူးစက်မှုကို လျင်လျင်မြန်မြန် ခံစားနေကြရတာပဲ ဖြစ်ပါတယ်။"ကျမတို့ ရောက်သွားတဲ့အချိန်မှာ ဖျားတဲ့သူတွေ အရမ်းများလို့ သွေး စစ်ကြည့်လိုက်တာ။ အကုန်လုံးလိုလို ငှက်ဖျားရောဂါ ရှိနေတယ်။ ဒီဖက်ဒေသက စခန်းတိုင်းလိုလို ဖြစ်နေတာ တွေ့ရတယ်။ ဆေးဝါး မလုံလောက်တော့ ပိုဆိုးတာပေါ့" လို့ ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

news-view-count-icon

34