back

ကယားပြည်နယ်၊ကရင်နီဆေးကောလိပ် အပတ်စဉ် (၃) ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

May 11 • 4:42 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊ကရင်နီဆေးကောလိပ် အပတ်စဉ် (၃) ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

ကယားပြည်နယ်၊ကရင်နီပြည်၏ ကျန်းမာရေးကဏ္ဍအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနေသည့် ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) က အပတ်စဉ် (၃)...

ကယားပြည်နယ်၊ကရင်နီပြည်၏ ကျန်းမာရေးကဏ္ဍအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနေသည့် ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) က အပတ်စဉ် (၃) အတွက် သင်တန်းသားသစ် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း အသိပေးထားသည်။ လျှောက်လွှာများကို ကရင်နီဆေးကောလိပ် (KMC) က သတ်မှတ်ထားသည့် အွန်လိုင်းဖောင် (Online Form) စနစ်တစ်ခုတည်းဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ၊ မေလ ၁၁ ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း ဆိုထားသည်။ ကရင်နီဆေးကောလိပ်ဝင်ခွင့်စာမေးပွဲအနေဖြင့် အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပနှင့် ဇီဝဗေဒ အစရှိသည့် ဘာသာရပ် ၅ ခုကို သတ်မှတ်ထားသည့် ရက်တွင် ဖြေဆိုရမည်ဖြစ်သည်။ ကရင်နီဆေးကောလိပ် (KMC) ကို ၂၀၂၃ ခုနှစ်တွင် စတင်တည်ထောင်ရန် ပြင်ဆင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အပတ်စဉ် (၁) ကို ကျောင်းသား၊ ကျောင်းသူ ၃၇ ဦးဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး အပတ်စဉ် (၂) တွင် ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး တက်ရောက်ခွင့်ရရှိခဲ့သည်။

news-view-count-icon

65