တစ်ပတ်ကြာ ကုန်ဈေးနှုန်းကဏ္ဍ မှာတော့ နိုင်ငံတွင်းပြည်ပသွင်းကုန် ကုန်ပစ္စည်းအချို့ရှားပါးဈေးမြင့်ကုန်ကာ ရွှေဈေးကလည်း အသင်းရဲ့ဈေးသတ်မှတ်ချက်မြင့်လာတာကြောင့် ပြင်ပရွှေဈေးလည်းယခင်ထက်အနည်းငယ်ဈေးတက်လာရာ စက်သုံးဆီဈေးတစ်ခုသာအနည်းငယ်ပြန်ကျပြီး နိုင်ငံခြားသုံးငွေကအမြင့်ဈေးနဲ့ပဲတည်ငြိမ်နေပါတယ်။ နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ ကတော့အတက်ဈေးမှာပဲရောက်ရှိနေရာ ကန်ဒေါ်လာ က ၁ဒေါ်လာငွေကျပ် ၄ထောင်ကျော်ဈေးအထိ ထိုးတက်ေနဆဲဖြစ်သလို အခြား ယွမ်နဲ့ဘတ်လိုနိုင်ငံခြားငွေကြေးများလည်း ဈေးတက်နေပါတယ်။ပြည်သူလူထုနေ့စဉ် စားသုံးနေကြရတဲ့ ဆန်၊ဆီ၊ကုန်ခြောက်ဈေးတွေကလည်း ဈေးမြင့်တက်နေဆဲဖြစ်ရာ အခြေခံပြည်သူတွေရဲ့လစာနှုန်းထားကတော့ အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်တိုးမလာသေးပါဘူး။ ဆန်ဈေးနှုန်းတွေကတော့ အကြမ်းဈေးတစ်ပြည် ၄,၀၀၀ကျပ် ကျော်ကနေ အချောဈေးတစ်ပြည် ၆,၅၀၀ ကျပ်မှ ၁၁,၀၀၀ ကျပ်အထိဈေး ရှိပြီးဆန်ချောတစ်ချို့ တစ်ပြည်ကို ၅၀၀ကျပ်ပမာဏခန့်ထပ်တက်လာပါတယ်။ 
| 72 | 0 | 0 | 0 |


