ထိုင်းနိုင်ငံဈေးကွက်အတွင်း ရောင်းချနေတဲ့ ဟင်းသီးဟင်းရွက်တချို့မှာ ကပ်ပါးကောင်ဥတွေနဲ့ သားလောင်းတွေ တွေ့ရှိထားတာကြောင့် အစိမ်းစားတဲ့အခါ အထူးဂရုစိုက်ကြဖို့ ထိုင်းကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ၂၀၂၆ ခုနှစ်ရဲ့ သုတေသန အချက်အလက်တွေအရ တရုတ်နံနံမှာ ၆၃.၃ ရာခိုင်နှုန်းနဲ့ ကပ်ပါးကောင်ပါဝင်မှု အများဆုံးဖြစ်နေပြီး ပူစီနံမှာ ၆၀ ရာခိုင်နှုန်းနဲ့ မြင်းခွာရွက်မှာ ၅၇.၁ ရာခိုင်နှုန်းအထိ အသီးသီး တွေ့ရှိထားပါတယ်။ အဲဒီအပင်တွေဟာ အသုပ်နဲ့ အတို့အမြှုပ်တွေမှာ အစိမ်းစားလေ့ရှိတဲ့အတွက် ကပ်ပါးရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများနေတာပါ။ဒါ့အပြင် နံနံပင်၊ ကြက်သွန်မြိတ် တို့မှာလည်း ၃၆ ရာခိုင်နှုန်းကနေ ၄၄ ရာခိုင်နှုန်းဝန်းကျင်အထိ တွေ့ရှိထားသလို မုန်ညင်းထုပ်၊ ဆလတ်ရွက်၊ ပင်စိမ်းနဲ့ ကန်စွန်းရွက်တို့မှာလည်း ကပ်ပါးကောင်တွေ ပါဝင်နေပါတယ်။ အဲဒီကပ်ပါးကောင်ဥတွေဟာ သေးငယ်လွန်းတာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်သလို အရွက်တွေကြားထဲမှာလည်း ကပ်ညှိနေတတ်ပါတယ်။
ထိုင်းနိုင်ငံဈေးကွက်အတွင်း ဟင်းသီးဟင်းရွက်အချို့၌ ကပ်ပါးပိုးများ တွေ့ရှိရခြင်းကြောင့် သေချာစွာ ဆေးကြောစားသောက်ရန် ကျန်းမာရေးဌာန သတိပေး
May 11 • 1:43 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 47 | 0 | 0 | 0 |


