back

မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်အတွင်း မီးဘေးနှင့် ဈေးလုံခြုံရေးအတွက် စည်ပင်ဝန်ထမ်းများ နေ့ညမပြတ် ကွင်းဆင်းစစ်ဆေး

May 10 • 5:58 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်အတွင်း မီးဘေးနှင့် ဈေးလုံခြုံရေးအတွက် စည်ပင်ဝန်ထမ်းများ နေ့ညမပြတ် ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးတာဝန်ခံများသည် မြို့မဈေးကြီးအပါအဝင် ဈေး (၄) ခု၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ဈေးလုံခြုံရေးအတွ...

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးတာဝန်ခံများသည် မြို့မဈေးကြီးအပါအဝင် ဈေး (၄) ခု၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ဈေးလုံခြုံရေးအတွက် နေ့ညမပြတ် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစစ်ဆေးမှုတွင် ဈေးအတွင်းရှိ လျှပ်စစ်မီးလိုင်းများ ကြံ့ခိုင်မှုရှိစေရေး၊ ပျက်စီးနေသော မီးသီးများလဲလှယ်ခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်အနေအထားရှိစေရန် ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။ ထို့ပြင် ဈေးသူဈေးသားများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးလောင်လွယ်သော အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကိုပါ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

23