မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅) ခုတွင် ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဝါသီးနှံ ၄၃,၂၇၉ ဧက စိုက်ပျိုးမည့် "ဝါ" အထူးဇုန် (Cotton Special Zone) တစ်ခုကို စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုစီမံကိန်းသည် ဝါသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိစေရန်နှင့် အရည်အသွေးမြင့်မားသော ချည်ချောအဆင့်အထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ၊ ဝါစိုက်ကဏ္ဍကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့ပြီး ဒေသတွင်း ကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်ရန်အတွက် အထူးဇုန်အဖြစ် သတ်မှတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
May 10 • 4:49 AM
မြန်မာ
မကွေး
မျှဝေမည်
| 39 | 0 | 0 | 0 |


