back

ထိုင်းနိုင်ငံအတွင်း Hantavirus ကူးစက်မှုမရှိသေးသော်လည်း နယ်စပ်ဝင်ပေါက်များတွင် စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်

May 10 • 4:46 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံအတွင်း Hantavirus ကူးစက်မှုမရှိသေးသော်လည်း နယ်စပ်ဝင်ပေါက်များတွင် စောင့်ကြည့်စစ်ဆေးမှုများ တိုးမြှင့်

ထိုင်းနိုင်ငံအတွင်း Hantavirus (ဟန်တာဗိုင်းရပ်စ်) ကူးစက်ခံရသူ မတွေ့ရှိသေးသော်လည်း ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့မှစတင်ကာ နိုင်ငံတကာဝင်ပေါ...

ထိုင်းနိုင်ငံအတွင်း Hantavirus (ဟန်တာဗိုင်းရပ်စ်) ကူးစက်ခံရသူ မတွေ့ရှိသေးသော်လည်း ရောဂါထိန်းချုပ်ရေးဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့မှစတင်ကာ နိုင်ငံတကာဝင်ပေါက်များနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်လိုက်သည်။ အထူးသဖြင့် ရောဂါဖြစ်ပွားရာဒေသများမှလာသည့် ခရီးသည်များနှင့် ကုန်တင်ယာဉ်များကို အသေးစိတ်စစ်ဆေးရန် ညွှန်ကြားထားပြီး ဆိပ်ကမ်းများတွင် ကြွက်နှိမ်နင်းရေးလုပ်ငန်းများကို တင်းကျပ်စွာဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဗိုင်းရပ်စ်သည် ပိုးရှိသောကြွက်များမှတစ်ဆင့် ကူးစက်တတ်သော်လည်း လူတစ်ဦးနှင့်တစ်ဦးဆီသို့ ကူးစက်ရန်ခဲယဉ်းသဖြင့် အများပြည်သူအနေဖြင့် ထိတ်လန့်ခြင်းမရှိရန်နှင့် ပြည်ပမှပြန်လာသူများတွင် ဖျားနာခြင်း၊ အသက်ရှူခက်ခဲခြင်းလက္ခဏာများရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသရန် ကျန်းမာရေးတာဝန်ရှိသူများက တိုက်တွန်းထားပါသည်။

news-view-count-icon

28