back

မေ ၉ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် ကရင်ပြည် နယ်တို့၌ သစ်ပင်လဲကျမှုများဖြစ်ပေါ်

May 10 • 4:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မေ ၉ ရက်တွင် ရန်ကုန်၊ မန္တလေးနှင့် ကရင်ပြည် နယ်တို့၌ သစ်ပင်လဲကျမှုများဖြစ်ပေါ်

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မန္တ လေးတိုင်း၊ ညောင်ဦးမြို့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ယနေ့ မေ ၉ ရက်က သစ်ပင်လဲကျမှုများဖြစ်ပေါ...

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ထန်းတပင်မြို့နယ်၊ မန္တ လေးတိုင်း၊ ညောင်ဦးမြို့၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် ယနေ့ မေ ၉ ရက်က သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။နံနက် ၇ နာရီ ၂၀ မိနစ်ကျော်ခန့်က ဒလမြို့နယ်၊ ညောင်ကုန်းရပ်ကွက်၊ မြို့ပတ်လမ်းတွင်သစ်ပင်လဲကျပြီးလမ်းပိတ်ဆို့မှု၊ နံနက် ၄ နာရီခွဲကျော်ခန့်က ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာနှင့် လမုတန်းလေးကျေးရွာကြား လှည်းဆိပ်လမ်းတွင်သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုတို့အား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ညနေ ၅ နာရီခွဲခန့်ကလည်း ညောင်ဦးမြို့၊ အ မှတ်(၅)ရပ်ကွက်၊ ဈေးတန်းမြောက်ရပ်တွင် ညောင်ပင်မှညောင်ကိုင်းပဲ့ကျပြီး နေအိမ်ပေါ်သို့ပိနေမှု၊ နေ့လည် ၃ နာရီခွဲခန့်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၅)ရပ် ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ (အ.မ.က-၁၇)ကျောင်းဝင်းအတွင်းရှိ စိန်ပန်းပင်လဲကျနေမှုတို့ကိုလည်း သက် ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

43