Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲတွင်ပြိုင်ပွဲဝင် ၄၀၀၀ ကျော်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။မေ၉ရက်ညပိုင်းတွင် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲကိုကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများကတတ်ရောက်ခဲ့ကြကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။အဆိုပါပြိုင်ပွဲတွင် ၁၅ ကီလိုမီတာနှင့် ၅ကီလိုမီတာပြေးပွဲများ ပါဝင်ခဲ့သည်။၁၅ ကီလိုမီတာပြေးလမ်းကြောင်းအဖြစ် ဆူးလေဘုရားလမ်း (Start)မှ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ကန်ရိပ်သာလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊မဟာဗန္ဓုလလမ်း၊ဗိုလ်တထောင်ဘုရားလမ်း၊ကမ်းနားလမ်း၊ဆူးလေဘုရားလမ်း (Finish) အထိသတ်မှတ်ထားသည်။ ၅ ကီလိုမီတာ လမ်းကြောင်းအနေဖြင့် ဆူးလေဘုရားလမ်းမှ (Start)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အထက်ပန်ဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်းအထိ (Finish)ကိုသတ်မှတ်ထားသည်။ ပြိုင်ပွဲတွင် သတ်မှတ်ပြေးပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများအပြင် အခြားဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
| 23 | 0 | 0 | 0 |


