back

ဟန်တာဗိုင်းရပ်စ်အရေးထိုင်းရောဂါစစ်ဆေးရေးဌာနများကိုတင်းကြပ်ထား

May 10 • 4:28 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဟန်တာဗိုင်းရပ်စ်အရေးထိုင်းရောဂါစစ်ဆေးရေးဌာနများကိုတင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်သေဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျ...

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်သေဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ကူးစက်ရောဂါစစ်ဆေးရေးဂိတ်များတွင် စောင့်ကြည့်ရေးအစီအမံများကို ပိုမိုတင်းကျပ်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ကူးစက်မှုတစ်စုံတရာ မတွေ့ရှိရသေးကြောင်းကို အလေးပေးပြောကြားသော်လည်း ခရီးသွားများကို စေ့စေ့စပ်စပ် စစ်ဆေးရန်နှင့် ဆိုက်ရောက်လာသော ယာဉ်များနှင့် သင်္ဘောများကို စောင့်ကြည့်ရန် နိုင်ငံတစ်ဝန်းရှိ စစ်ဆေးရေးဂိတ်အရာရှိများကို ရောဂါထိန်းချုပ်ရေးဌာနက ညွှန်ကြားထားကြောင်း ဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်တီယန် ကနာဆာဝပ်က စနေနေ့တွင် ပြောကြားခဲ့သည်။ 

news-view-count-icon

30