တိုင်းရင်းသားဒေသများရှိ ကျောင်းသူ၊ ကျောင်းသားများ မိခင်ဘာသာစကားဖြင့် ပညာသင်ကြားခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ တိုးမြှင့်ခန့်ထားနိုင်ရေးကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က ပြောကြားလိုက်သည်။အဆိုပါတွေ့ဆုံပွဲတွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ကချင်၊ လီဆူ၊ ကိုးကန့်နှင့် ထနော့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များကို ဝန်ကြီးဌာနမှ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ထောက်ကူ (Teaching Assistant - TA) နှင့် ဘာသာစကားသင် ဆရာ/ဆရာမ (Language Teacher - LT) များကို နှစ်စဉ်ခန့်ထားပေးလျက်ရှိသည်။ စာရင်းအချက်အလက်များအရ တိုင်းရင်းသားဘာသာသင်ထောက်ကူ (TA) ပေါင်း ၅,၂၀၀ နီးပါးကို ခန့်အပ်ထားပြီးဖြစ်ကာ ရှေ့ဆက်၍လည်း လိုအပ်ချက်ရှိသည့် ဒေသများတွင် ထပ်မံတိုးမြှင့်ခန့်ထားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
တိုင်းရင်းသားဘာသာသင် (TA/LT) ဆရာ/ဆရာမများ ပိုမိုခန့်ထားနိုင်ရေး ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိ
May 10 • 3:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 50 | 0 | 0 | 0 |


