အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ မေဂျာလိဂ်ပြိုင်ပွဲသမိုင်းမှာ ဂိုးပါဝင်ပတ်သက်မှု(သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု နှစ်ရပ်ပေါင်း)
၁၀၀ ပြည့်မြောက်တဲ့ အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။မက်ဆီဟာ တိုရွန်တိုFC အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပြီး ဒီမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။၎င်းအနေနဲ့ အင်တာမိုင်ယာမီအသင်းအတွက် မေဂျာလိဂ် ပုံမှန်ရာသီ ၆၄ ပွဲမှာ ၅၉ ဂိုးသွင်းကာ ၄၁ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ယခင်က တိုရွန်တိုFCနဲ့ အီတလီကစားသမားဟောင်း ဂျီယိုဗင်ကို တင်ရှိထားတဲ့ ၉၅ ပွဲကို မက်ဆီက ၃၁ ပွဲအသာနဲ့ ကျော်ဖြတ်ခဲ့တာဖြစ်တယ်။အင်တာမိုင်ယာမီအသင်းအတွက် ဒီပေါလ်ကလည်း တစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးခဲ့ပါတယ်။အခြားဂိုးနှစ်ဂိုးကိုတော့ လူးဝစ်ဆွာရက်ဇ်နဲ့ ရယ်ဂီယွန်တို့က သွင်းယူပေးခဲ့ကြပါတယ်။


