back

ဂျိုရှူအာဗန်ရဲ့ ဖလိုင်းဝိတ်ချန်ပီယံကာကွယ်ပွဲပါဝင်တဲ့ UFC 328 Main Card စတင်ထိုးသတ်နေ

May 10 • 1:50 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

ဂျိုရှူအာဗန်ရဲ့ ဖလိုင်းဝိတ်ချန်ပီယံကာကွယ်ပွဲပါဝင်တဲ့ UFC 328 Main Card စတင်ထိုးသတ်နေ

မြန်မာMMAကစားသမား ဂျိုရှူအာဗန်ရဲ့ ဖလိုင်းဝိတ်ချန်ပီယံကာကွယ်ပွဲပါဝင်တဲ့ UFC 328 Main Card ကို မြန်မာစံတော်ချိန် နံနက် ၇း၃၀နာရီမှာ စတင်ထိုးသတ်နေပြီဖြစ်ပါတယ်။ဂျိုရ...

မြန်မာMMAကစားသမား ဂျိုရှူအာဗန်ရဲ့ ဖလိုင်းဝိတ်ချန်ပီယံကာကွယ်ပွဲပါဝင်တဲ့ UFC 328 Main Card ကို မြန်မာစံတော်ချိန် နံနက် ၇း၃၀နာရီမှာ စတင်ထိုးသတ်နေပြီဖြစ်ပါတယ်။ဂျိုရှူအာဗန်နဲ့ တက်ဆူရိုတိုင်ရာတို့ရဲ့ဖလိုင်းဝိတ်တန်းပွဲဟာ Co-Main Event ဖြစ်လို့ စတုတ္ထမြောက်ပွဲစဉ်မှ ထိုးသတ်ပါလိမ့်မယ်။လက်ရှိ ကင်းဂရင်းနဲ့ ဂျရမီးစတီဖင်စ်တို့ရဲ့ ကက်ဝိတ်တန်းပွဲစဉ် စတင်ထိုးသတ်နေတာပါ။ဒီပွဲပြီးရင်တော့ ရှောင်ဘရက်ဒီနဲ့ ဂျိုအာကင်းဘက်ကလေတို့ရဲ့ ဝယ်လ်တာဝိတ်တန်းပွဲစဉ်၊ အလက်ဇန္ဒားဗော်လ်ကော့ဗ်နဲ့ ဝယ်လ်ဒိုကော်တက်စ်အကော်စတာတို့ရဲ့ဟဲဗီးဝိတ်တန်းပွဲစဉ်ပြီးမှ ဂျိုရှူအာဗန်ပွဲစဉ် ရောက်ရှိလာမှာဖြစ်တယ်။ဂျိုရှူအာဗန်-တက်ဆူရိုတိုင်ရာတို့ပွဲစဉ်က အစောဆုံး မြန်မာစံတော်ချိန် နံနက် ၉း၁၅ နာရီနောက်ပိုင်းမှ Cage ထဲ လျှောက်လှမ်းလာဖို့ ရှိပါတယ်။ဘွတ်ကီဒိုင်တွေကတော့ ချန်ပီယံ ဂျိုရှူအာဗန်ထက် တက်ဆူရိုကို ပိုမိုအလေးပေးထားပါတယ်။

news-view-count-icon

59