back

နဂါးမောက်ချောင်းတွင် ရေဆင်းကူးရာမှ အမျိုးသား တဦး ရေနစ်သေဆုံး

May 09 • 2:50 PM

breaking-news

မြန်မာ

ပဲခူး

cover

နဂါးမောက်ချောင်းတွင် ရေဆင်းကူးရာမှ အမျိုးသား တဦး ရေနစ်သေဆုံး

တောင်ငူမြို့နယ် ၊ ဒိုးသောင်ကျေးရွာအုပ်စု ၊ နဂါးမောက်ချောင်းအတွင် ဒီကနေ့ မေလ ၉ ရက် မွန်းလွဲပိုင်းက လူငယ်တဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်းသိရသည်။အဆိုပါ...


တောင်ငူမြို့နယ် ၊ ဒိုးသောင်ကျေးရွာအုပ်စု ၊ နဂါးမောက်ချောင်းအတွင် ဒီကနေ့ မေလ ၉ ရက် မွန်းလွဲပိုင်းက လူငယ်တဦး ရေဆင်းကူးရာမှ ရေနစ်သေဆုံးသွားခဲ့ကြောင်းသိရသည်။အဆိုပါ လူငယ်သည် တောင်ငူမြို့ ၁၁ ရပ်ကွက် တွင် နေထိုင်သူတစ်ဦးဖြစ်၍ အသက် ၂၂ နှစ်ဝန်းကျင်ဖြစ်ပြီး သူငယ်ချင်းများ နှင့် လာရောက် ရေကစားရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်းလည်းဖြစ်သည်။တောင်ငူမြို့တွင် နေထိုင်ကြသော ဒေသခံများသည် ပူပြင်းသော နွေရာသီသို့ ရောက်ရှိလာလျှင် မြစ်ချောင်းများ ၊ ရေကာတာများ ရှိရာ တောင်ငူမြို့ဝန်ကျင် ကျေးရွာများသို့ အပူရှောင်ရင်း သွားရောက် အပန်းဖြေ ရေကူးခြင်း ၊ ရေစိမ်ခြင်း များပြုလုပ်လေ့ရှိကြကြောင်း သိရသည်။




news-view-count-icon

47