back

အယ်လ်ခူလူကို အနိုင်ယူပြီး ဆော်ဒီဘုရင့်ဖလားကို အယ်လ်ဟီလာ ၁၂ ကြိမ်မြောက် ဆွတ်ခူး

May 09 • 7:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

အယ်လ်ခူလူကို အနိုင်ယူပြီး ဆော်ဒီဘုရင့်ဖလားကို အယ်လ်ဟီလာ ၁၂ ကြိမ်မြောက် ဆွတ်ခူး

ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲတွင် အယ်လ်ဟီလာအသင်းသည် အယ်လ်ခူလူအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ပွဲအစတွင် အယ်လ်ခူလူက ဦးဆောင်ဂို...

ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲတွင် အယ်လ်ဟီလာအသင်းသည် အယ်လ်ခူလူအသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ပွဲအစတွင် အယ်လ်ခူလူက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့သော်လည်း အယ်လ်ဟီလာအတွက် အယ်လ်ဒေါ်ဆာရီနှင့် သီယာဂိုဟာနန်ဒက်ဇ်တို့က ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး၊ ယခုဖလားသည် နည်းပြ ဆီမြွန်နီအင်ဇာဂီလက်ထက် ပထမဆုံးရရှိသည့် ဆုဖလားဖြစ်ကာ အယ်လ်ဟီလာအတွက် (၁၂) ကြိမ်မြောက် ဗိုလ်စွဲခြင်းလည်းဖြစ်သည်။ လက်ရှိတွင် အယ်လ်ဟီလာသည် ဆော်ဒီပရိုလိဂ်တွင်လည်း အမှတ်ပေးဇယားထိပ်ဆုံးမှ အယ်လ်နာဆာအသင်းကို ဖိအားပေးလျက်ရှိပြီး မေလ ၁၂ ရက်နေ့တွင် ယှဉ်ပြိုင်မည့် ၎င်းတို့နှစ်သင်း၏ ထိပ်တိုက်တွေ့ဆုံမှုသည် ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

44