မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့သည် မေလ ၈ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံကာ နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများ ပိုမိုအားကောင်းလာစေရေး၊ Digital Banking ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာနှင့် အတွေ့အကြုံများ ဖလှယ်ရေးနှင့် ဘဏ်လုပ်ငန်းစနစ်များတွင် ခေတ်မီ ICT နည်းပညာများ အသုံးပြု၍ အဆင့်မြှင့်တင်နိုင်ရန် နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်သွားရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာနှင့် နီပေါနိုင်ငံအကြား ဘဏ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်ငွေရေးကြေးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
May 09 • 5:40 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


