ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်မောင်းများအကြားစည်းကမ်းဖောက်ဖျက်မှုများပြားလာသည့်အတွက် နည်းပညာသုံးစောင့်ကြည့်စစ်ဆေးမှုများကို တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံက သိရသည်။YRTC အနေဖြင့် ယာဉ်မောင်းများ၏ မောင်းနှင်မှုပုံစံကို လူကိုယ်တိုင်လိုက်လံစစ်ဆေးခြင်းအပြင် Traffic Control Center မှတစ်ဆင့် ယာဉ်များ၏ မောင်းနှင်မှုအမြန်နှုန်းနှင့် တည်နေရာကို သိရှိနိုင်သော နည်းပညာမြင့် စက်ပစ္စည်းများ၊ လမ်းဆုံလမ်းခွများနှင့် ယာဉ်ပေါ်ရှိ CCTV မှတ်တမ်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ ယာဉ်မောင်းများ မူးယစ်ဆေးသုံးစွဲခြင်း ရှိ၊ မရှိသက်သေခိုင်လုံစွာဖြင့် စစ်ဆေးကြပ်မတ်ခြင်းစသည့်စနစ်များဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို နည်းပညာဖြင့်စောင့်ကြည့်နေ၊ လူေသဆုံးမှုဖြစ်ပါက ရာသက်ပန်ထုတ်ပယ်မည်
May 09 • 5:01 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 29 | 0 | 0 | 0 |


