back

ညောင်ရွှေမြို့နယ်၌ အာဆီယံ AHA Centre အစီအစဉ်ဖြင့် လှူဒါန်းသည့် အသင့်တပ်ဆင်စာသင်ဆောင်များ ဆောက်လုပ်ပြီးစီး

May 09 • 4:58 AM

breaking-news

မြန်မာ

ရှမ်း

cover

ညောင်ရွှေမြို့နယ်၌ အာဆီယံ AHA Centre အစီအစဉ်ဖြင့် လှူဒါန်းသည့် အသင့်တပ်ဆင်စာသင်ဆောင်များ ဆောက်လုပ်ပြီးစီး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့် စာသင်ကျောင်းများတွင် အာဆီယံနိုင်ငံများက AHA Centre မှတစ်ဆင့် လှူဒါန်းထားသည့် အသင့်တပ်ဆင်စာသင်ဆောင် (Pr...

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ငလျင်ဒဏ်သင့်ခဲ့သည့် စာသင်ကျောင်းများတွင် အာဆီယံနိုင်ငံများက AHA Centre မှတစ်ဆင့် လှူဒါန်းထားသည့် အသင့်တပ်ဆင်စာသင်ဆောင် (Prefabricated Classrooms) များ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ဆောက်လုပ်ပြီးစီးမှု အခြေအနေ ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရန်အတွက် အောက်ပါကျောင်းများတွင် အလျား ပေ ၉၀၊ အနံ ပေ ၃၀ ရှိ စာသင်ဆောင်များကို တည်ဆောက်ခဲ့သည် ။အ.ထ.က (ခွဲ) (အင်းတိန်ကုန်း)

ကျောင်းသား (၁၂၀) ဦးခန့် သင်ကြားနိုင်သည်။အ.ထ.က (ခွဲ) (သန်းတောင်) အသင့်တပ်ဆင် စာသင်ဆောင် (၁) ဆောင်။အ.မ.က (ရေဦးတောင်)အသင့်တပ်ဆင် စာသင်ဆောင် (၁) ဆောင်။အဆိုပါ ဆောက်လုပ်ပြီးစီးမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မေလ ၆ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

news-view-count-icon

24