တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း သိပ္ပံသုတေသနလုပ်ငန်းများကို ဖိလစ်ပိုင်ဘက်က နှောင့်ယှက်ဟန့်တားမှုကို တုံ့ပြန်သည့်အနေဖြင့် တရားမဝင် နိုင်လိုမင်းထက်ပြုမှုများ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် လုပ်ဆောင်မှုများနှင့် မီးမွှေးလှုံ့ဆော်သည့် ဝါဒဖြန့်မှုများကို ချက်ချင်းရပ်တန့်ရန် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။တရုတ်သုတေသနသင်္ဘော Xiangyanghong 33 သည် တရုတ်နိုင်ငံ၏ Houteng ကျောက်တန်း အနီးရှိ ရေပြင်တွင် ဥပဒေ နှင့်အညီပင်လယ်ရေကြောင်း ဂေဟစနစ်ကို စစ်တမ်းကောက်ယူနေစဉ်အတွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ပိုင် Islander လေယာဉ်တစ်စင်းက ဗုဒ္ဓဟူးနေ့တွင် ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နှောင့်ယှက်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကျန်း လွယ်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
May 09 • 4:41 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


