မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ နယ်မြေ (၂) တွင် မေလ ၉ ရက်နေ့၊ နံနက် ၃ နာရီ ၁၈ မိနစ်အချိန်ခန့်က နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုသတင်းအရ မိတ္ထီလာမြို့နယ်မီးသတ်စခန်း၊ နယ်မြေ (၁) နှင့် (၂) မီးသတ်စခန်းများ၊ ဈေးအရန်မီးသတ်စခန်းတို့မှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ မီးငြှိမ်းသတ်ယာဉ် (၆) စီး၊ ရေသယ်ယာဉ် (၂) စီးနှင့် အထောက်အကူပြုယာဉ် (၁) စီး၊ စုစုပေါင်းယာဉ် (၁၀) စီးဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
May 09 • 4:38 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 27 | 0 | 0 | 0 |


