ရန်ကုန်မြို့တွင် ယနေ့ (မေ၉) ညအချိန်၌ ပြုလုပ်မည့် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ အဆင်ပြေစေရန် YBS ယာဉ်များကို ည ၁၀ နာရီထိ ပြေးဆွဲပေးသွားမည်ဟု သိရသည်။“ကျွန်တော်တို့ YHNR Team မှ ပြိုင်ပွဲဝင် Runners များအားလုံး အိမ်အပြန်လမ်းမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ဆူးလေး (Sule) မှထွက်ခွာမည့် YBS Bus လိုင်းများ ကို ပြိုင်ပွဲနေ့ ကျရင် ည (၁၀:၀၀) နာရီအထိ တိုးချဲ့ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပါတယ်။” ဟု ယင်းတို့၏ တရားဝင်လူမှုကွန်ယက်စာမျက်နှာ၌လည်း ဖော်ပြထားသည်။ပြိုင်ပွဲတွင် ၁၅ ကီလိုမီတာနှင့် ၅ ကီလိုမီတာပြေးပွဲများ ပါဝင်မည် ဖြစ်ကာ ၁၅ ကီလိုမီတာပြေးလမ်းကြောင်းအဖြစ် ဆူးလေဘုရားလမ်း (Start)မှ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း (Finish) အထိသတ်မှတ်ထားသည်။
May 09 • 2:08 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 27 | 0 | 0 | 0 |


