back

စင်ကာပူမှာ သက်ကြီးရွယ်အိုတွေအတွက် ဘာသာစကားမျိုးစုံ တုံ့ပြန်ပြီး အရေးပေါ်အကူအညီပေးနိုင်တဲ့ စနစ်သစ် စတင်မိတ်ဆက်

May 08 • 3:48 PM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူမှာ သက်ကြီးရွယ်အိုတွေအတွက် ဘာသာစကားမျိုးစုံ တုံ့ပြန်ပြီး အရေးပေါ်အကူအညီပေးနိုင်တဲ့ စနစ်သစ် စတင်မိတ်ဆက်

စင်ကာပူနိုင်ငံရှိ Sands Expo နဲ့ Convention Centre မှာ မေလ ၆ ရက်က စတင်ကျင်းပခဲ့တဲ့ HealthTechX Asia 2026 ညီလာခံမှာ သက်ကြီးရွယ်အိုတွေ ရုတ်တရက် လဲကျခြင်းနဲ့ အရေးပ...

စင်ကာပူနိုင်ငံရှိ Sands Expo နဲ့ Convention Centre မှာ မေလ ၆ ရက်က စတင်ကျင်းပခဲ့တဲ့ HealthTechX Asia 2026 ညီလာခံမှာ သက်ကြီးရွယ်အိုတွေ ရုတ်တရက် လဲကျခြင်းနဲ့ အရေးပေါ်အခြေအနေတွေ အတွက် ဘာသာ စကားမျိုးစုံနဲ့တုံ့ပြန်ကာ အကူအညီတောင်းခံနိုင်တဲ့ အသံအခြေပြုနည်းပညာသစ်ကို ခင်းကျင်းပြသခဲ့ပါတယ်။ စင်ကာပူအခြေစိုက် Startup နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ iSense-ASV က တီထွင်တဲ့ Emergency Voice Alert (EVA) လို့ခေါ်တဲ့ ကိရိယာဟာ Apple ရဲ့ Siri (သို့မဟုတ်) Amazon ရဲ့ Alexa လိုပဲ အသံနဲ့ အလုပ်လုပ်နိုင်ပြီး လဲကျသွားတဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဖုန်းကိုင်ဖို့ မလိုဘဲ အသံနဲ့ အကူအညီတောင်းရုံနဲ့ ပြုစုစောင့်ရှောက်သူတွေ (သို့မဟုတ်) အရေးပေါ်ဌာနတွေဆီ တိုက်ရိုက်ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ဘာသာစကားအနေနဲ့ အင်္ဂလိပ်၊ မန်ဒရင်၊ မလေး၊ တမီးလ် အပြင် ဟော့ကင်း နဲ့ ကန်တုံ လို ဒေသသုံးစကား တွေကိုပါ နားလည်သဘောပေါက်နိုင်မယ်လို့ သိရပါတယ်။ Wi-Fi မလိုအပ်ဘဲ 4G (သို့မဟုတ်) LTE ကွန်ရက်နဲ့ အလုပ်လုပ်နိုင်ပြီး နံရံကပ် (သို့မဟုတ်) စားပွဲပေါ်တင်ကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။



news-view-count-icon

4