ယနေ့ ည ၇ နာရီခွဲဝန်းကျင်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် မြို့ရှောင်လမ်း ရွှေလမင်းဆေးရုံအနီးရှိ ညောင်ပင်လဲပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ကနဦးသိရသည်။လက်ရှိတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရာမည အရေးပေါ်လူမှုကူညီရေးအဖွဲ့နှင့်အတူ ရပ်ကွက်နေပြည်သူများ ညောင်ပင်၏ အကိုင်းအလက်များအား ဖယ်ရှာရှင်းလင်းမှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။



